အင်္ဂပူ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေစပါးမျိုးစေ့ ထုတ် စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်(၉) နာရီက တလိုင်းကွင်းကြီးကျေးရွာ အုပ်စု၊ တောင်သူဦးမြင့်နိုင့်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးခင်မောင်စန်းမှ နွေစပါးစံကွက် ရိတ်သိမ်းမှုနှင့် ထွက်ရှိသည့် နှုန်းထားများ၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တောင်သူဦမြင့်နိုင်၏ ကွင်းအမှတ် (၈၄၀)၊ သရက်တောကွင်း၊ ဦးပိုင်(၉၂/၂)တွင် ဆင်းသုခ စပါးစံကွက်ရိတ်သိမ်းမှု ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်စန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် တစ်ဧက ပျမ်းမျှ စပါးအစိုအထွက်နှုန်း (၁၄၅.၃၀)၊ စပါးအခြောက် (၁၃၁.၆၁)တင်း ထွက်ရှိ ကြောင်း သိရသည်။
မန်းကျော်၊ အင်္ဂပူ(ပြန်/ဆက်)