ဓနုဖြူ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့၊ မေလ (၁၉)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးရာတွင် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာအုပ်စုမှ တောင်သူ (၄၂)ဦး၏ စပါးစိုက်ဧက (၂၇၂)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်းချေးငွေ ကျပ်(၄၀၈၀၀၀၀၀) ထုတ်ချေးဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အေးအေးအောင်(ပြန်/ဆက်)