အောင်လံ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် စိုက်ထူခဲ့သည်။
ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်အား မြို့နယ်ပညာရေးမှူးနှင့် ဌာန ဆိုင်ရာများမှ ဆိုင်းဘုတ်အားစိုက်ထူကာ ဖွင့်လှစ်ခဲ့သည်။ အောင်လံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၁၆)ရက်မှ ဇွန်လ(၁)ရက်နေ့ထိဖြစ်ပြီး အဆိုပါဆိုင်း ဘုတ်စိုက်ထူရခြင်းမှာ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)