ပန်းတနော် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ (၂၀၂၂- ၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာမြေစိုက်ဘုတ် စိုက်ထူးခြင်းကို ယနေ့ နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပန်းရွှေဝါပန်းခြံ ဗိုလ်ချုပ် ကြေးရုပ်ထုရှေ့တွင် စိုက်ထူခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ အတွင်းရေးမှူး ရဲမှူး ကျော်ဇံ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာမြင့်၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်ကျော်သူ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ဆွေ၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ ဆရာမများ စုပေါင်း၍ (၂၀၂၂- ၂၀၂၃) ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အသိပညာပေး ဗီနိုင်းပိုစတာမြေစိုက်ဘုတ် စိုက်ထူး ခဲ့ကြပြီး အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ကျောင်းအပ်နှံရေးသတင်းပတ်အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ များအား မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ စတင်ကျောင်း အပ်လက်ခံသွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)