ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ မေ ၁၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များမှ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “ရိုးရိုးကျင့်မြင့်မြင့်ကြံ” စာအုပ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်နီလာသန်းမှ ပေါင်းသင်းဆက်ဆံရေး၊ ဦးဇော်ဝင်းဦးမှ ပတ်ဝန်းကျင်နှင့်မိမိ၊ ချစ်စွာသော အမိရေမြေစာအုပ်ပါ အကြောင်းအရာခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင် (ကျိုက်ဒုံ)