ဆင်ပေါင်ဝဲမြို့၌၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဆင်ပေါင်ဝဲ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၈ ရက်နေ့က စတင်ထုတ်ချေးပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု ၄၈ အုပ်စုရှိ၊ ဧက ၉၅၀၀ အတွက်ငွေကျပ် သိန်းတစ်သောင်း လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇီးဖြူကုန်းကျေးရွာ၊ စစ္စေးချောင်းကျေးရွာ၊ သဌားကျေးရွာနှင့် စည်တိုင်းကျေးရွာ ​လေးအုပ်စုမှ တောင်သူ ၁၆၇ ဦး ဧက ၉၀၁ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၉၈၉.၀၀ သိန်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)