ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကံမ မေ ၁၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့ မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးရဲလွင်အောင်နှင့် ဆရာ၊ ဆရာမများ တက်ရောက်စိုက်ထူပေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ် မေ (၂၆)ရက်မှ ဇွန်(၁)ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစေရေးအတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ မြေစိုက်ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)