တနင်္သာရီ မေလ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပေးဆိုင်းဘုတ်ကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအရှေ့ မျက်နှာစာတွင် စုပေါင်းစိုက်ထူပေးကြကြောင်း သိရသည်။
၎င်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ - အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းနှင့်အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမျိုးနိုင်၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊ လ/ထ မြို့နယ် ပညာရေးမှူးများများနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ စိုက်ထူပေးကြပြီး၊ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၂၀၂၂ခုနှစ်၊ မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိအား ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ကျောင်းအပ်နှံခြင်းအား လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)