ရေကြည် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ပြီး “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအတွက် လှုပ်ရှားမှု ဆိုင်းဘုတ်များကို စိုက်ထူလျက်ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က ရေကြည်မြို့နယ် အောင်ဆန်းလမ်းမတော် လမ်းဆုံးလမ်းခွ၌ ကျောင်းအပ်နှံရေး ဆိုင်းဘုတ်ကိုစိုက်ထူခဲ့သည်။
အဆိုပါ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံ တစ်ရာ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်များ ဗလာစာအုပ်များကိုလည်း အခမဲ့ပေးဝေသွားမည်ဖြစ်ပြီးအခြေခံပညာကျောင်း များကိုလည်း ကိုဗစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)