ဝါးခယ်မ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ် စေရေးအတွက် ရေနုတ်မြောင်းတူးဖော်နေမှုကို ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သံကြိုးတိုင်ရပ်ကွက်တွင် ရေနုတ်မြောင်းတူးဖော်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို မင်းပိုင်းရပ်ကွက်ရှိ မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှ ရေထွက်ပေါက်များ၊ စာရေးကုန်းရပ်ကွက် မြူရုံးလမ်းနှင့် ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှာ ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် သံကြိုးတိုင်ရပ်ကွက်တွင် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး၊ မြို့သန့်ရှင်း သာယာလှပစေရေး၊ မိုးတွင်းကာလတွင်ဖြစ်ပေါ်တက်သော ဝမ်ပျက်ဝမ်းလျှောရောဂါ၊ တုတ်ကွေးရောဂါများနှင့် ခြင်ပေါက်ဖွာမှုများကို အထူးလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ တူဖော်ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးထံမှ သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)