ဖား​ဆောင်းမြို့နယ် ​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေး နှိုး​ဆော်

ဖား​ဆောင်း မေ ၁၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန် နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက် (၉) နာရီအချိန်က ဖား​ဆောင်းမြို့ ​​​မြောက်ပိုင်းရပ်ကွက်၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ​လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံ​တွေ့ရှိသည့် မျိုးရိုးဗီဇ​ပြောင်း အိုမီခရွန်​ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ​ရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်​ရေးနည်းလမ်းများ နှင့်အညီ ​နေထိုင်ကြရန်နှင့် ကာကွယ်​ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိ​စေရန် ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့် မပျက်မကွက် အကြိမ်​ရေပြည့်ဝစွာ ထိုးနှံ​ပေးကြပါရန် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို အရှိန်အဟုန်မြှင့် ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)