မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပစ္စည်းတင်ဒါဖွင့်ပွဲ ကျင်းပ

အထက်မင်းလှ မေ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပစ္စည်းတင်ဒါဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ တင်ဒါ လက်ခံ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အိတ်ဖွင့်တင်ဒါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ လုပ်ငန်းတင်ဒါနှင့် ပစ္စည်းတင်ဒါဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ Lot အလိုက်/ပစ္စည်းတင်ဒါဈေးနှုန်း အဆိုပြုလွှာများအား မြို့နယ်တင်ဒါလက်ခံ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖွင့်လှစ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)