နတ်တလင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုင်းဘုတ် စိုက်ထူ

နတ်တလင်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်‌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်  “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးဝင်းဌေးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းဌေးထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)