ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ပျော်ဘွယ် မေ ၁၉

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေလ(၁၉)ရက်၊ နံနက်(၇)နာရီခွဲက လူစည်ကားသည့်နေရာဖြစ်သော မြင်းဘက်ရပ်ကွက်၊ အမေထိန်းခန်းမအနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ(၂၆) ရက်မှ ဇွန်လ(၁)ရက်နေ့ထိသတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်း အဖွဲ့များက ဝိုင်းဝန်းစိုက်ထူခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)