ကော့ကရိတ်ခရိုင်၌ ဆေးလိပ်အန္တရာယ်အသိစိတ်ဖြင့် ကာကွယ်အသိပညာ​ပေး Talk Show  ပြုလုပ်

​ကော့ကရိတ်မေ ၁၉

​ကရင်ပြည်နယ်၊​ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ယ​မန်နေ့နံနက်(၁၁:၀၀)နာရီအချိန်က​ ဆေးလိပ်အန္တရာယ်အသိစိတ်ဖြင့် ကာကွယ်အသိပညာ​ပေး Talk Show​ဆွေး​နွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

​ဆွေး​နွေးပွဲတွင်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်သင်းမြတ်​သော်က ပြည်သူများသိထားသင့်သည့်​ ဆေးလိပ်ဆိုးကျိုးနှင့်အန္တရာယ်၊​ ဆေးလိပ်​သောက်ခြင်းဖြင့် အဖြစ်များတဲ့​ရောဂါလက္ခဏာများ၊ အကြီးတန်းစာ​ရေး ​ဒေါ်ခင်သီတာဆန်းက ​ဆေးလိပ်၏အဓိပ္ပါယ်၊​ ဆေးလိပ်​​သောက်ခြင်း ပြဌာန်းထားတဲ့ဥပ​ဒေ၊​ ဆေးလိပ်​သောက်ခွင့်မရှိသည့်​နေရာများတို့ကို အသိပညာ​ပေး​ဆွေး​နွေးခဲ့ကြသည်။ အဆိုပါအသိပညာ​ပေး​ဆွေး​နွေးပွဲကို ​ကော့ကရိတ်ခရိုင် WeLoveKawkareikPage တွင် လွှင့်တင်တင်ဆက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)