ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပိုစတာစိုက်ထူပွဲ ဖဲကြိုးဖြတ်ဖွင့်လှစ်

ပေါင်းတည် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်လမ်း/၁ လမ်းထောင့်၌ ကျင်းပခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ပိုစတာစိုက်ထူပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကိုကိုနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းနိုင်နှင့် မြို့နယ်ပညာရေးမှူးဆရာကြီးဦးသောင်းဌေးတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးသီတင်းပတ် ၂၀၂၂ ခုနှစ်၊ မေလ (၂၆)ရက်မှဇွန်လ (၁)ရက်ထိ ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)