ကျောက်တံခါးမြို့နယ်၌ မြို့နယ်အဆင့်(Grade -8)သင်ရိုးသစ် Face to Face ဆင့်ပွါးသင်တန်း နောက်ဆုံးနေ့ဆက်လက်သင်ကြား

ကျောက်တံခါး မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြို့နယ်အဆင့် Grade - 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး)စာသင်ခန်းများတွင် ဆက်လက်သင်ကြားခဲ့သည်။

အဆိုပါဆင့်ပွါးသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါက်တာဇင်သက်ဦးကကြီးကြပ်၍ သင်တန်းနည်းပြ (၄၁)ဦးတို့က သင်တန်းပို့ချပေးကာ သင်တန်းသား ဆရာ၊ ဆရာမ(၇၉၁)ဦး တက်ရောက်ကြကြောင်း၊ ဘာသာစုံသင်ရိုးညွှန်းတန်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မေလ(၁၆)ရက်မှ(၁၈)ရက်နေ့အထိ (၃)ရက်ဖြစ်ပြီး ဆရာ၊ ဆရာမများအား ကိုယ်ကာယလေ့ကျင့်ခန်းပညာရပ်များကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စန်းစန်း(ပြန်/ဆက်)