ဟင်္သာတ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မှုက တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့တည်ဆဲဥပဒေများအရ ဆောင်ရန်ဆောင်ရန် အချက်များ၊ ဖြစ်ပွား တတ်သော မှုခင်းများ၊ လူငယ်နှင့် မူးယစ်ဆေးအကြောင်းများ၊ လူကုန်ကူးမှုဖြစ်ပွားစေသော အကြောင်းများနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝံ့ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသော ဥပဒေဆိုင်ရာ မေးခွန်းများကို အပြန်အလှန် ပြန်လည်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)၏ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ် ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ