အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအိမ်တွင်းမှု သင်တန်းပြုလုပ်

အင်္ဂပူ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအိမ်တွင်းမှု သင်တန်းကို ယနေ့ နေ့လယ်ပိုင်းပြုလုပ်ခဲ့သည်။

အဆိုပါ အိမ်တွင်းမှုသင်တန်းကို အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး‌ပေါင်းပြီး သိုးမွေးထိုး သင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းကို‌ မေ ၁၇ ရက်နေ့မှ မေ ၁၈ ရက်နေ့အထိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်ဦးစီး ဌာနရုံးမှ သိရသည်။

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)