ကျိုက်ဒုံ မေ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လည် ၁၁ နာရီက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များတွင် ပြည်သူများသိရှိလိုက်နာရမည့် အချက်များဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ လူကုန်ကူးခြင်း(Human Trafficking)၊ ရွှေ့ပြောင်းသွားလာခြင်း (Migration)၊ လူမှောင်ခိုခြင်း (Smuggling)၊ လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး စသည့်အသိပညာပေး နံရံကပ်စာစောင်များပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်