ပြည်ကြီးမဏ္ဍိုင်မြို့ကလေးစာဖတ်ခန်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက် လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် သံပုံးရိုက် ပြိုင်ပွဲ၊ ဒိုးဇက်ကစားပြိုင်နှင့် ပုံပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြည်ကြီးမဏ္ဍိုင်မြို့ စာပေဝါသနာရှင်ကလေးငယ်များ (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးမြတ်နန္ဒာ(ပြန်/ဆက်)