လှိုင်းဘွဲ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီးဆရာတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ပန်းချီပညာနှင့်ပတ်သက်၍ တတ်မြောက်စေရန်အတွက် အခြေခံပန်းချီသင်တန်းကို မေလ(၁၂)ရက်နေ့က ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပန်းချီဆရာ ဦးမြသွေးက အခြေခံပန်းရေးဆွဲနည်း၊ အခြေခံမျဉ်းများ ရေးဆွဲနည်း၊ ခဲတံကိုင်နည်း၊ အရာဝတ္ထုမူပုံရေးဆွဲနည်း၊ ပန်းချီဖွဲ့စည်းမှု အမျိုးအစားများ၊ အနီးအဝေး ရေးဆွဲနည်း၊ မျက်နှာပြင်သဘောတရား၊ အခြေခံပန်းချီနှင့်ပတ်သည့် ရေးဆွဲနည်းများကို သင်ကြားပို့ချပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပန်းချီဆွဲခြင်း အရောင်အမျိုးအစားနှင့်ပတ်သက်၍ သင်ကြားပေးခဲ့ပြီးသင်တန်းကို မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီခွဲမှ (၁၁)နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)