မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြောင်းမြမြို့နယ်၊ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး အခမ်း အနားအား ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် မြောင်းမြမြို့နယ် ဘောလုံးအသင်းနှင့် ဝါးခယ်မမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝါးခယ်မ မြို့နယ်အသင်းက မြောင်းမြမြို့နယ်အသင်းကို  ၃ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်