ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄) မြို့နယ်အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ဖျာပုံ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄) မြို့နယ်အသက် (၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် “ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် စည်းကမ်းရှိသော အားကစားသမားကောင်းတွေဖြစ်အောင် ကျင့်ကြံနေထိုင်ကြဖို့လိုကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်နဲ့ပတ်သက်၍ အထူးအရေးကြီးကြောင်း၊ တရားသောနည်းဖြင့် အနိုင်ယူလိုတဲ့စိတ်ဓာတ် ရှိဖို့လိုကြောင်း၊ အားကစားသမားတွေ အနေဖြင့် စည်းကမ်း၊ စိတ်ဓာတ်ကောင်းပေမယ့် လေ့ကျင့်မှုမပြည့်ဝရင် အရည်အချင်းပြည့်ဝ တဲ့ အားကစားသမားကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ကြောင်း၊ အားကစားသမား များအနေဖြင့် ဘယ်နေရာမဆို ဒေါင်ဒေါင်မြည်ကစားနိုင်တဲ့ အားကစားသမားဖြစ်အောင် ကြိုးစားဖို့လိုကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင် ကြဖိုနဲ့ ထူးချွန်ထက်မြတ်တဲ့ နိုင်ငံကိုယ်စားပြု ဘောလုံးအားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” ပြောကြားသည်။

ထို့နောက် (၄)မြို့နယ် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုကြပြီး​ ပြိုင်ပွဲကို မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခရိုင်ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းသည်တိုင်း အဆင့်ပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့နောက် ဖျာပုံမြို့နယ် ဘောလုံးအသင်းနှင့် ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)