ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာ အ.ထ.က(၇) ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မြောင်းမြ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကွယ်လွယ်ကျေးရွာ၊ အ.ထ.က(၇)ကျောင်း ၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား မေ ၁၆ ရက်နေ့ ညနေ (၄)နာရီအချိန်က အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖြန်းပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ ကျောင်းဆောင်သစ်မှာ (ပေ ၁၀၀ × ပေ ၃၀) RC  (၂) ထပ် ကျောင်းဆောင်ဖြစ်ပြီး Precepts ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ(၁၆၃.၈၀)သန်းဖြင့် (၁၇−၃−၂၀၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ (၁၆−၅−၂၀၂၂) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)