အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ခန္တီး  မေ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တပ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးခြံမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ဒေသပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇီဖြူကုန်းရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ရောင်းချပေးခဲ့သည်။

အဆိုပါ ဈေးရောင်းချပေးနေမှုအား ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်မျာက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)