​ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင်​ နေအိမ်နှစ်လုံး မီး​လောင်မှုဖြစ်ပွား

ကျောက်တံခါး စက်တက်ဘာ 

ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် သံမဏိရပ်ကွက်()လမ်းတွင် ယမန်နေ့ ညနေ ()နာရီခွဲအချိန်ခန့်က လူနေအိမ် နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပဲနွယ်ကုန်းမြို့၊ သံမဏိရပ်ကွက်()လမ်းတွင်နေထိုင်သူ ဦးကျော်ကျော်() ဦးကျင်သိန်း၏နေအိမ်သွမ်မိုးထရံကာ တစ်ထပ် အိမ်နောက်ဘက် မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ရာ ၎င်းခြံဝန်းအတွင်းရှိ ဓနိမိုး ထရံကာ တစ်ထပ် အိမ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့၍ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း()​အောင်မြင်မြို့တို့မှ မီးသတ်ယာဉ်()စီးနှင့်အတူ ရပ်ကွက် နေပြည်သူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြသဖြင့် မိနစ်(၂၀) အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပဲနွယ်ကုန်းမြို့အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး၊ နယ်​‌မြေရဲစခန်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွက် လိုအပ်သည့် ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးကျော်ကျော် အား မြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်ရေး စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)