ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ် ဆင်ကူးကျေးရွာ၊ သဇင်ကုန်းကြီးကျေးရွာနှင့် သဇင်ကုန်းလေးကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား တက်ရောက်

မြောင်းမြ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ဆင်ကူးကျေးရွာ၊ သဇင်ကုန်းကြီးကျေးရွာနှင့် သဇင်ကုန်းလေးကျေးရွာများ၌ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား မေ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လျှပ်စစ်မီးဖွင့်ပွဲ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ အမွှေးနံ့သာများ ပက်ဖြန်းပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်း အနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုအခါ လျှပ်စစ်မီး ရရှိခြင်းကြောင့် အသေးစားကုန်ထုတ်လုပ်ငန်းများပါ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ မကြာမီ အခြခံကျောင်းများ ဖွင့်လှစ်သည့်အခါ များစွာအဆင်ပြေကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများလည်း ကာကွယ်ဆေးထိုး ရန်လိုကြောင်းနှင့် လျှပ်စစ်မီး အန္တရာယ်များနှင့် သတိပြုသင့်သည်များအား ကျေးလက်နေဒေသခံပြည်သူများ သိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအား ရှင်းလင်းပြောကြားစေပြီး ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)