ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့ ဇလပ်ကွင်း−ရွာသစ် ကွန်ကရစ်လမ်းဖွင့်ပွဲ တက်ရောက်

မြောင်းမြ မေ ၁၈

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၁−၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်(၆)လအတွင်း ဆောင်ရွက်ခဲ့သည့် ဇလပ်ကွင်း− ရွာသစ် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဇလပ်ကွင်း−ရွာသစ် ကွန်ကရစ်လမ်းအား ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဝန်ကြီးဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လမ်းဖွင့်လှစ်ခြင်းဖြင့် ကျေးရွာနေပြည်သူများ သွားလာရေး ပိုမိုလွယ်ကူချောမွေ့လာ ခြင်းနှင့် ယခုအခါ လမ်းအားအသုံးပြုလျက်ရှိသည့် ပြည်သူများ၏ စီးပွား​ရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသား/ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြောင်းမြခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခင်နိုင်နိုင်လင်းထံမှ သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)