ကဝ စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ချစ်နှင့် ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခြင်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ကဝမြို့ပေါ်ရပ်ကွက် အသီးသီး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှာခါင်းစည်း (mask) တပ်ဆင်သွားလာခြင်း မရှိသူများကို အသိပညာ ပေး ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းနှင့် ကျန်းမားရေးနှင့်အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်၊ အပြင်ထွက်တိုင်း Mask ကို မဖြစ်မနေ တပ်ဆင် သွားလာ ကြရန်၊ လူစုလူဝေးများသည့် နေရာများသို့ သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြော သန့်စင်ရန်စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို Hand Speaker များနှင့် ပြည်သူများ သိရှိနိုင် စေရန် အတွက် ကြေညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)