ငပုတော မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် ယမန်နေ့ နံနက်ပိုင်းက ကုလားချောင်းကျေးရွာအုပ်စု တောင်ကလေးကျေးရွာအုပ်စု၊ အဝဘိတ်ကျေးရွာအုပ်စု၊ ထိပ်တန်း၊ ကန့်ဘလာအုပ်စုများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှ လှုဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ကုလားချောင်းကျေးရွာအုပ်စု၊ အောင်မြေဗိမာန်ကျောင်းတိုက်၊ တောင်ကလေးကျေးရွာအုပ်စု၊ အောင်ဗိမာန်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁)တို့သည် လှူဒါန်း ဖွယ်ရာအဖြာဖြာတို့ကို သက်ဆိုင်ရာ ကျောင်းတိုက်များသို့ ဆက်ကပ်လှူဒါန်းပြီးလျှင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်များ၊ ဒေသခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး၊ ငပုတောမြို့နယ်သည် ရေငန် ရောက်ရှိသော ဒေသဖြစ်၍ မိုးရာသီစပါး စိုက်ပျိုးပြီးပါက အခြားရေငန်ဒဏ်ခံနိုင်မည့် အခြား သီးနှံ တစ်မျိုးမျိုးကို စမ်းသပ်စိုက်ပျိုးနိုင်ရေး၊ ကျေးလက်ဆေးပေးခန်းများကိုလည်း သန့်ရှင်းစွာ ထားရှိရေး ပြောကြားခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသခံများမှလိုအပ် သည်များ တင်ပြလာသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကုလားချောင်းကျေးရွာအုပ်စု၊ အခြေခံပညာ အလယ်တန်း ကျောင်း( ခွဲ)သို့လည်းကောင်း၊ ကန့်ဘလာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ လည်းကောင်း ရောက်ရှိပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး၊ စာသင်ဆောင်များ သန့်ရှင်းစွာ ထားရှိရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရေးအတွက် အလေး ထား လုပ်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ငပုတောမြို့နယ်သည် ရေလည်းတစ်ခုတည်းကိုသာ အားထား၍ သွားလာရသော ဒေသဖြစ် သောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ဝတ္တုများနှင့် ကိုဗစ်ကာကွယ်ဆေးများကို ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။
နုနုရီ(ငပုတောပြန်/ဆက်)