လပွတ္တာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၃) ကျောင်းတွင် အနော်ရထာ(၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အနော်ရထာ(၂) ထပ်ကျောင်းဆောင်သစ်ကို ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အနော်ရထာ(၂)ထပ် အာရ်စီကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး လပွတ္တာမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-8) ဆင့်ပွား သင်တန်းတွင် တက်ရောက်နေကြသော ဆရာ/မများနှင့် တွေ့ဆုံပွဲကို အ.ထ.က(၂) ဧရာဝတီ ခန်းမ ဆောင်၌ ကျင်းပခဲ့သည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/သူ များကျောင်းသို့ ရောက်ရှိစေရေး၊ ကျောင်းအပ်နှံရေးလုပ်ငန်းများတွင် ငွေကြေးကောက်ခံမှုမရှိစေရေး ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘုရားကြီးကုန်းကျေးရွာ ရှင်စောမြတ်စေတီတန်ဆောင်း ၌ သီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ကျေးရွာရှိ လက်ရှိမြေဆီလွှာနှင့် စိုက်ပျိုးရန် သင့်လျှော်မည့် သီးနှံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေတောင်သူများမှ သီးနှံစိုက်ပျိုးမှု အခက်အခဲများအား အပြန်အလှန်ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်