ပန်းတနော် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုစပါးစိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးရာတွင် ယခင်နှစ် ချေးငွေများပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးအတွက် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီနှံများအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် ပန်းတနော်အနောက်ပိုင်း ကျေးရွာအုပ်စုရှိ တောင်သူ ၁၃ ဦးတို့၏ စပါးစိုက်ဧက ၆၇ ဧကအတွက် ချေးငွေကျပ် ၁၀၀၅၀၀၀၀ ကို တောင်သူ များအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် စပါးစိုက်ဧကအတွက် တောင်သူတစ်ဦးလျှင် တစ်ဧက ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေး၍ အများဆုံးလယ် ၁၀ ဧကအထိ အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)