ကျောက်ကြီး မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု ဝက်တူးကျေးရွာနှင့် ငနွားဆိပ်ကျေးရွာတို့၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကျေးရွာများအတွင်း ကလေးငယ်များသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအဖြစ် အဘိတ်ဆေးခတ်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိုးဦးရာသီအကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများနှင့် ခြင်များအလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်းရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့်ရေပုံးများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်းအဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးလက်ကျန်းမာရေးမှူး ဦးတင့်လွင်ဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်