ချောင်းဦးမြို့တွင် ပန်းကြယ်သီးထိုးနည်း လက်မှု့ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး

ချောင်းဦး မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး လက်မှု့ပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီး ထိုးနည်းသင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

စျေးကွက်ထဲတွင် ပြုလုပ်ရောင်းချရမှု များပြားနေသော မြန်မာဝတ်စုံ အမျိုးသမီး အင်္ကျီများတွင် အလှဆင်သည့် ပန်းကြယ်သီး ထိုးနည်းကို အရောင်စုံပိတ်စသား အနည်းငယ်၊ အပ်၊ အပ်ချည်များဖြင့် ပြုလုပ်သည့် လက်မှု့အတတ်ပညာအား ဆရာမ ဒေါ်နန်းယဉ်အေးမှ ၃ ရက်အတွင်း အတတ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ မြို့ပေါ်နှင့် ကျေးရွာများမှ အမျိုးသမီး ၁၀ ဦး တက်ရောက်သင်ကြားခဲ့သည်။ သင်တန်းဆရာမ ဒေါ်နန်းယဉ်အေးမှ သူတတ်ကျွမ်းသည့် လက်မှုပညာရပ်အား မတတ်ကျွမ်းသေးသည့် လူငယ်များကို ပညာမျှဝေပေးလိုကြောင်း ပြောကြားခဲ့သည်။

ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)မှ လက်မှု့ပညာဖြင့် ပြုလုပ်သည့် သင်တန်းများ ပြုလုပ်ပေးလျက်ရှိရာ ပညာမျှဝေပေးလိုသည့် ဆရာမဒေါ်နန်းယဉ်အေးနှင့် ချိတ်ဆက်ပြီး ပန်းကြယ်သီး ထိုးနည်းသင်တန်းအား မေလ ၁၆ ရက်နေ့မှ ၁၉ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။ ချောင်းဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှလည်း Oneline မှတစ်ဆင့် စာအုပ်စာစောင်များ၊ ကလေးငယ်များအတွက် ပုံပြင်နှင့် ကဗျာများ၊ လက်မှုအတတ်ပညာများအား အခါအားလျော်စွာ ထုတ်လွှင့်ပေးနေကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)