လှိုင်းဘွဲမြို့နယ် ကော့နွဲ့ကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေး

လှိုင်းဘွဲ၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည် ဖေါ်ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့နွဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်​စေရန်၊ စီမံကိန်းလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်တတ်​စေရန်၊ ရန်ပုံငွေလည်ပတ်ထိန်းသိမ်း​ရေးအစီအစဉ်၊ ရသုံးမှန်း​ခြေဇယားများ​ရေးဆွဲအသုံးပြုတတ်​စေရန်နှင့် ကော့နွဲ့ကျေးရွာအတွင်း အကောင်အထည်​ဖော်ဆောင်ရွက်မည့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း (၁၆၀၀ ပေ x ၁၂ ပေ x ၆ လက်မ) လမ်းခင်းခြင်းလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး၊ လူထုစည်းရုံး​ရေးမှူးနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့နှင့် ကော့နွဲ့ကျေးရွာစီမံကိန်းအ​ထောက်အကူပြု​ကော်မတီဝင်များ တက်ရောက်ခဲ့​ကြောင်းသိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)