ညောင်တုန်းမြို့နယ်တွင် အလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲကျင်းပ

ညောင်တုန်း  မေ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက သင်တန်းတက်‌ရောက်သည့် ဆရာ၊ ဆရာမများအ‌နေဖြင့် စနစ်တကျလေ့လာသင်ကြား၍ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်သင်ကြားပေးနိုင်ရေး ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က Grade-8 (သင်ရိုးသစ်) သင်တန်း နည်းပြများ၊ သင်တန်းသား ဆရာ၊ ဆရာမတို့အား သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြား၍ သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၃၄၁)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၁၆)ဦးဖြင့် သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)