ကြံခင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၌ အခြေခံပညာ အလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် (Face to Face ) သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့(အ. ထ. က-၁) အောင်ကျော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအေးထွန်းမှ ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့် တိုင်းအဆင့်ဖွင့်လှစ်ပို့ချသော သင်တန်းတွင် တက်ရောက်သင်ယူခဲ့ကြသော နည်းပြများမှ ပြန်လည်ပို့ချမှာဖြစ်ရာ သင်တန်း သား၊ သင်တန်းသူများမှ သင်ကြားချက်များအပေါ် အထူးဂရုပြုအလေး ထားမှတ်ယူကြရန်နှင့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သင်ယူကြရန်၊ ပြောကြားသည်။
ထိုနောက် သင်တန်းစတင်ရာ အခြေခံပညာ အလယ်တန်းအဆင့် နည်းပြဆရာ၊ ဆရာမ (၁၄)ဦး နှင့် သင်တန်းတတ်ရောက်သူ သင်တန်းသားဆရာ၊ ဆရာမ(၁၇၀)ဦး တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ(၁၆)ရက်နေ့မှ မေ(၁၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)