ကမမောင်းမြို့၌   လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ကမမောင်း မေ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြသခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန် လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် လူကုန်ကူးသူများအသုံးပြုနိုင်သော နည်းလမ်းများအကြောင်း၊ လူကုန်ကူးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ် များအကြောင်း၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များအကြောင်းနှင့် သတိပြုရမည့်သူများအကြောင်းစသည့် အချက်များပါဝင်သော နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှု လေ့လာလျက်ရှိကြောင်းသိရသည်။

င်တင်လှ(ကမမောင်းပြန်/ဆက်)