မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက် မြင့်မား‌စေရေး‌ကော်မတီနှင့် တောင်သူများတွေ့ဆုံ

ဝါးခယ်မ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေးအတွက်  ကြီးကြပ်မှုကော်မတီနှင့် တောင်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လမ်းသမိုင်ရွာကြီးကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီနှင့် လမ်းသမိုင်ရွာကြီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာ များမှ တောင်သူများက  စပါးစိုက်ဧက လျော့နည်းမှုများအပေါ်  ဖြည့်တင်းဆောင်ရွက်ရမည့်အချက်များ၊ လိုအပ် ချက်များ၊ စပါးခင်းများအတွင်း ကျရောက်သည့် အဖျက်ပိုးများကြောင့် စပါးအထွက်နှုန်း လျော့နည်း ရမှုအပေါ် သိသင့်သိထိုက်သည့် အချက်များကို ဆွေးနွေးခဲ့ကြပြီး တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)