ကြံခင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းကို ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက ကုန်စည်အုပ်စု၊ ကုန်အညွှန်းအမှတ်အသားများ၊ ပြုပြင်မွမ်းမံပြီး/ ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများ၊ စားသုံးရန်မသင့်သော အစားအစာများ၊ တားမြစ်ထားသည့် ကုန်အညွှန်းအမှတ်အသားများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို အသိ ပညာပေးပြောကြားသည်။
ဟောပြောပွဲသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်မှ ပြည်သူများ တတ်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)