ဘောဂလိ၊ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘောဂလိမြို့တွင် မြန်မာနိုင်ငံရှိအမျိုးသမီးများ ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောဂလိမြို့ ကျန်းမာရေးဌာနမှ သိရသည်။
ဘောဂလိမြို့တွင် HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးသွားမှာဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံရန်သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက် (၉) နှစ် ပြည့်ပြီး အသက် (၁၀) နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများအားကာကွယ်ဆေးထိုးနှံပေးရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာများရှိ ကျန်းမာရေးဆရာမများက စာရင်းများလိုက်လံကောက်ယူပြီး တစ်နိုင်ငံလုံးစီမံချက်ဖြင့်လာမည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဘောဂလိမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အသက်(၉)နှစ်နှင့် (၁၀)နှစ်ကြား အမျိုးသမီးငယ်စုစုပေါင်း (၇၆) ဦးရှိပြီး အဆိုပါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဘောဂလိမြို့ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ဖြိုးနန္ဒာဦးထံမှ သိရှိရသည်။
နီလာအေး(ပြန်/ဆက်)