အိမ်မဲမြို့နယ်တွင် လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth  Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ လူငယ်လူရွယ်များ အနေဖြင့် စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လထုတ် သုတပဒေသာစာအုပ်မှ ဒေါက်တာ ခင်မောင်ညို ရေးသားသည် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ပါ  မြန်မာနိုင်ငံတွေရှိရသည့် မူးယစ်ဆေးဝါး အမျိုးအစားများ၊ လူငယ်နှင့် စိတ်ကြွဆေး၊ မူးယစ်ဆေးစွဲ လူငယ်တို့၏ ထူးခြားမှုများ မူးယစ်ဆေးစွဲလူငယ်များ မဖြစ်ကြစေရေးအတွက် မိဘများမှ တားဆီးရန် လိုအပ်မှုများ စသည့်အကြောင်းအရာများကို တက်ရောက်လာသည့် Youth  Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် များမှ ပါဝင်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်