မအူပင် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၉) နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မအူပင်ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပ သည်။
အဆိုပါ အခမ်းအနားသို့ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် အားကစားဝါ သနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြပြီး အားကစားစစ်ကြောင်းမှူးမှ ဦးဆောင်၍ (၄)မြို့နယ် အားကစားသမားများမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုကြသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ (၄)မြို့နယ်အားကစားသမားများမှ အားကစားသစ္စာ ဓိဌာန်များ ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် ညောင်တုန်းမြို့နယ် ဘောလုံးအသင်းနှင့် ဓနုဖြူမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)