ကျိုက်လတ်မြို့၌ (Grade-8) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ကျိုက်လတ် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အခြေခံပညာ အလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ သင်တန်းသား/သူများ လိုက်နာရမည့် သင်တန်း စည်းမျဉ်း၊ စည်းကမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံ ပညာ အလယ်တန်းအဆင့် ကျောင်း(၈၄)ကျောင်းမှ ဆရာ၊ ဆရာမ(၄၈၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၄၃)ဦးဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သိပ္ပံ၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၆-၅-၂၀၂၂ မှ ၁၈-၅-၂၀၂၂ ) ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်