သာပေါင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများက အပတ်စဉ်(၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် ဆောင်ရွက်ရန်၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းများ ကြိုတင်ပြင်ဆင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ ကျောင်းလုံခြုံရေးအတွက် ယခင်နှစ်ဆောင်ရွက်ထားသည့်အတိုင်း ပြင်ဆင်ဖွဲ့စည်း၍ တင်ပြရန်၊ ရာနှုန်းပြည့် ကျောင်းတက်ရောက်ရေးအတွက် ကျောင်းသားမိဘများအား တိုက်တွန်းစည်းရုံး ပြောကြားဆောင်ရွက်ရန်၊ မိုးရာသီရောက်တော့မည်ဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသင်းအဖွဲ့များဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်၊ Covid-19 ကာကွယ်ဆေးထိုးနှံရန် ကျန်သူများအား ကောက်သင်းကောက် ထိုးနှံရေးဆောင်ရွက်ရန်၊ ၂၀၂၁-၂၀၂၂ မိုးစပါးစိုက်ဧကထက် လျော့နည်းမှုမရှိစေရေး ၂၀၂၂-၂၀၂၃ မိုးစပါး ပိုမိုစိုက်ပျိုးရေး တောင်သူများအား တွန်းအားပေးဆွေနွေးပြောကြား ဆောင်ရွက်ရန်၊ မိုးသီးနှံစိုက်ဘဏ်ချေးငွေ ထုတ်ချေးရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအထိ စုဖွဲ့ဆောင်ရွက်ထားရှိရန်၊ ထူးခြားဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန်၊ လိုင်စင်မဲ့ ထော်လာဂျီ၊ လယ်ယာသုံးထရပ်ယာဉ်များ လိုင်စင် ပြုလုပ်ရေးဆောင်ရွက်ရန်၊ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်တင်ပြကြရန်၊ ငဝန်မြစ်အတွင်းရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုများနေသဖြင့် သတိပေးပြောကြားဆောင်ရွက် ရန်တို့ကို မှာကြားဆွေးနွေးပြီး မြို့နယ်ကိုယ်စားပြု ဆိုကရေးတီး အဖွဲ့များအား တူရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လိုအပ်သည်များ အသေးစိတ် ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း