ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) ဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချ

ကန်ကြီးထောင့် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်)ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်း (ကန်ကြီးထောင့်)၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်တင်မေသန်းမှ အမှာစကားပြောကြားခဲ့ပြီး သင်တန်း နည်းပြ ဆရာ/ဆရာမ(၄၀)ဦးက ပို့ချရမည့် ဘာသာရပ်များအား စတင်ပို့ချခဲ့သည်။ သင်တန်းသို့ အထက်တန်းကျောင်းအုပ် ဆရာ/ဆရာမများ၊ အလယ်တန်းကျောင်းအုပ် ဆရာ/ဆရာမများ၊ အလယ် တန်းပြ ဆရာ/ဆရာမများ၊ ဒုတိယအလယ်တန်းပြ ဆရာ/ဆရာမများ စုစုပေါင်း သင်တန်းသား/သူ (၄၇၆)ဦး တက်ရောက်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (Grade-8) သင်ရိုးသစ်ကို တက်ရောက်မည့် ကျောင်းသား/သူများအား သင်ကြားပေးမည့် ဆရာ/ဆရာမများကို အရည်အသွေးပြည့်ပြည့်ဝဝဖြင့် အလယ်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ်များအား စနစ်တကျ အောင်မြင်စွာ သင်ကြားပေးနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသားကာလမှာ မေလ (၁၆)ရက် နေ့မှ (၁၈)ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)