လေးမျက်နှာမြို့နယ်တွင် သင်ရိုးသစ် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

လေးမျက်နှာ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပညာရေးမှူး ဒေါ်ငွေဋ္ဌေးမှ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် မြို့နယ်အဆင့် သင်ရိုးသစ် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ရိုးသစ်များ သင်ကြားရာတွင် အလေးထားလိုက်နာ သင်ကြားစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဟင်္သာတခရိုင် ဦးစီးအရာရှိ(ကြီးကြပ်ရေးမှူး) ဦးအုန်းသိန်းနှင့် လေးမျက်နှာမြို့နယ် လက်ထောက်ပညာရေးမှူး (သင်တန်းမှူး) ဦးမြင့်စိုးတို့မှ သင်ရိုးသစ်(Grade-8)နှင့် ပတ်သက်သည့် သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁၆.၅.၂၀၂၂)ရက်နေ့မှ (၁၈.၅.၂၀၂၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ အပါအဝင် ဆရာ ဆရာမ (၃၀၈)ဦးအား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နည်းပြသင်တန်းတက်ရောက်ခဲ့သော ဆရာ ဆရာမ (၂၆)ဦးမှ အ.ထ.က-လေးမျက်နှာ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပို့ချခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)