ဒေးဒရဲမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်း ပေါင်း (၁၁၇၀၀)သိန်း ထုတ်ချေးပေးမည်

ဒေးဒရဲ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၂ ခုနှစ် အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေး လျက်ရှိပြီး ကျပ်သိန်းပေါင်း (၁၁၇၀၀)သိန်းကို လျာထားထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ (၉၂)အုပ်စုရှိ တောင်သူဦးရေ (၁၀၀၀)၏ လယ်မြေ (၇၈၀၀)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင်(၁၅၀၀၀၀)နှုန်းဖြင့် ကျပ်သိန်းပေါင်း(၁၁၇၀၀)သိန်းကို ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေနှင့် အချိန်စေ့ရောက်ပြီး ချေးငွေကြွေးကျန် မရှိသူများကို မေလမှ စက်တင်ဘာလအထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံက သိရသည်။

အေဇာလင်း