ဟင်္သာတ မေ ၁၆
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် လူသားတို့နှင့် ပလတ်စတစ် အန္တရာယ်များ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေ ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပတ်သက် ၍ မိတ်ဆက်ဆွေးနွေးကာ မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကိုလည်းကောင်း စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ လူသားတို့နှင့် ပလတ်စတစ်အန္တရာယ်များအကြောင်း၊ ပြည်သူများ လူနေမူဘဝ တိုးတက်မြင့်မားရေးအတွက် နေ့စဉ်လိုက်နာရမည့် ကိစ္စများစသည့် အကြောင်းအရာများ အသိပညာပေး ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စာပေ ဆွေးနွေးပွဲများ၊ အသိပညာပေး Talk Show ပွဲများ၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များနှင့် ပတ်သက်သော ပန်းချီသင်တန်း၊ သိုင်းသင်တန်းနှင့် အခြားအားကစား သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ